Friday 28 November 2014

သီလပါရမီသုံးထပ် အမျိုးသမီးယောဂီဆောင်သစ်



၈၀% ပြီးနေသောသီလပါရမီသုံးထပ်
အမျိုးသမီးယောဂီဆောင်သစ်



Tuesday 11 November 2014

ဗုဒ္ဓဝါဒ နှင့် ဗြဟ္မဏဝါဒ ခွဲခြားပုံ



ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်ပါလို့ ခံယူထားရင် တကယ့်ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ ဆန်းစစ်ကြည့်ကြပြီး တကယ်မဖြစ်သေးရင် ဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
မြွေဝင် ပျားစွဲခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ (ဟိန္ဒူဝါဒ) အလုပ်ကြိုးစားခြင်း၊ ကုသိုလ်ရှိခြင်းကြောင့် ချမ်းသာတယ်လို့ ယူဆရင် ဗုဒ္ဓဝါဒ။ ဖွတ်တက်လို့၊ ဠင်းတနားလို့ ဆင်းရဲတယ် ခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ အလုပ်မလုပ်လို့ နှစ်လုံး သုံးလုံး လောင်းကစားလုပ်လို့ အကုသိုလ်ရှိလို့ ဆင်းရဲတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။
လက်ယပ်ခေါ်တဲ့ အရုပ်ကလေးရှိလို့၊ ပုလင်းအစိမ်းထဲမှာ နှင်းဆီပွင့် စိုက်ထားလို့ ပိုက်ဆံနဲ့ ပုံဖော်ထားတဲ့ ဇီးကွက်ရုပ်(လာဘ်ခေါ်အဆောင်ကဒ်ပြား) ရှိလို့ ဈေးရောင်းကောင်းတာလို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ဝီရိယဥာဏ်ယှဉ် စေတနာမေတ္တာထားပြီး ရောင်းလို့ ဈေးရောင်းကောင်းတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊ ရက်ရာဇာမှ ကောင်းကျိုးပေးပြီး ပြဿဒါးက မကောင်းကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ်က ကောင်းကျိုးပေးပြီး၊ အကုသိုလ်က မကောင်းကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊ စနေ တနင်္ဂနွေအစရှိသော ဂြိုလ်တွေက ကောင်းကျိုး မကောင်းကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။

ခရီးသွားတဲ့အခါ နဂါးလှည့်သင့်မှု၊ မသင့်မှုကြောင့် ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ။ စုံဂဏန်း၊ မဂဏန်း(၁၃)ဂဏန်း၊ ကိုးဂဏန်းတွေက ကောင်းကျိုး ဆိုးကျိုးပေးတယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ကုသိုလ် အကုသိုလ်က ကောင်းကျိုးဆိုးကျိုးပေးတယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊ အသုဘယာဉ်ကို ကျောင်းဝိုင်းထဲ အိမ်ဝိုင်းထဲထားရင် မြို့မြင်ရွာပြင်မှာ ဆုံးတဲ့ ရုပ်အလောင်းကို မြို့ထဲရွာထဲပြန်သွင်းရင် မြို့ခိုက်တယ်၊ ရွာခိုက်တယ်လို့ ယူဆရင် ဗြဟ္မဏဝါဒ၊ ထိုအကြောင်းများကြောင့် မြို့ရွာကိုမခိုက် အကုသိုလ်ကြောင့်သာ မြို့ရွာကို ခိုက်တယ်လို့ ယူဆမှ ဗုဒ္ဓဝါဒ၊
အလောင်းကိုင်တာချင်းတူပါလျက် သုဘရာဇာကို အဝေးမှရှောင်ပြီးဆရာဝန် ဖြစ်မည့်သူကို သမက်ဖမ်းခြင်းသည် ဗြဟ္မဏဝါဒ၊ အယူအစွဲမရှိဘဲ နှစ်ဦးစလုံးကို တန်းတူဆက်ဆံခြင်းသည် ဗုဒ္ဓဝါဒ၊ ဒက္ခိဏသာခါရုပ်ပွားကို ကိုးကွယ်လျှင် မီးကွင်းသည် ဆင်စီးမြင်းရံဘုရားကို ကိုးကွယ်လျှင် စီးပွားတက်သည် ဇမ္ဗုပတိချွတ်ခန်း (မကိုဋ်စလွယ်ဆင်) ဘုရားကို ကိုးကွယ်လျှင် ရာထူးတက်သည်ဟု ယူဆ၍ ကိုးကွယ်လျှင် ဗြဟ္မဏဝါဒ၊ ဒက္ခိဏသာခါပုံကို ထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာတော်ကို ဖျက်ဆီးရာရောက်သည်။ ဆင်ဆီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏ မဟာကရုဏာတော်ကို ပြက်ရယ်ရာရောက်သည်။ မကိုဋ်စလွယ်ဆင် ရုပ်ပွားကို ထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော လူအဝတ်အစားများဖြင့် ဝတ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲ ရဟန်းနှင့်တူသော ရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓဝါဒ။
တန်ခိုးရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုး များများရသည် တန်ခိုးမရှိသော ရုပ်ပွားစေတီကို ရှိခိုးပူဇော်လျှင် ကောင်းကျိုးနည်းနည်းသာ ရသည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ ရုပ်ပွားစေတီက အဓိကမဟုတ် မိမိစေတနာ ကသာ အဓိကဖြစ်သည်။ စေတနာ အကြီးအသေးက ကောင်းကျိုး အကြီးအသေးကို ဖြစ်စေသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။

လူသေပြီး ခုနှစ်ရက်လည်မှ အိမ်မှထွက်သည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ စုတိနောင် ပဋိသန္ဓေဖြစ်သည် သို့မဟုတ် သေပြီး စက္ကန့်မခြားဘဲ နောက်ဘဝသစ်၌ ချက်ခြင်းဖြစ်သည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ။ မိမိကောင်းစားချမ်းသာဖို့ အဓိကထားပြီးလှူလျှင် ဗြဟ္မဏဝါဒ၊ အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ အဓိကထားပြီး လှူလျှင် ဗုဒ္ဓဝါဒ၊ ဝါတွင်းကာလ၌ အိမ်မပြောင်းကောင်းဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ အဆင်ပြေသည့် အချိန်တွင် ပြောင်းကောင်းသည်ဟု ယူဆလျှင်ဗုဒ္ဓဝါဒ။
လက္ခဏာတွင် အာယုလမ်းကြောင်း ရှည်သောကြောင့် အသက်ရှည်သည်၊ အာယုလမ်းကြောင်း တိုသောကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗြဟ္မဏဝါဒ၊ သူ့အသက်ကို မသတ်ခြင်း သူတစ်ပါး အသက်ရှည်ခွင့်ရအောင် ဆေးဝါးလှူဒါန်းခြင်းဟူသော ကုသိုလ်တို့ကြောင့် အသက်ရှည်သည် သူတစ်ပါးအသက်ကို သတ်ဖြတ်ခဲ့သော အကုသိုလ်ကြောင့် အသက်တိုသည်ဟု ယူဆလျှင် ဗုဒ္ဓဝါဒ၊ အာယုလမ်းကြောင်းသည် သင်္ကေတနိမိတ်သာဖြစ်သည်။

အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ)၏ ဆောင်းပါးမှကောက်နှုတ်ချက်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Monday 10 November 2014

ထားဝယ်မြို့တွင်ပြုလုပ်သည့်ကုသိုလ်ကြီး၃မျိုး

ထားဝယ်မြို့တွင်ပထမဦးဆုံးကျင်းပသည့်မြန်မာထိုင်းချစ်ကြည်ရေး ဗုဒ္ဓပူဇနိယထားဝယ်တန်ဆောင်တိုင်ပွဲတော်



Sunday 9 November 2014

မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါး။



(၁) မြတ်စွာဘုရားရှင် ၀တ်ရုံတော်မူသည့် သင်္ကန်းတော်သည် ဟောင်းနွမ်းခြင်း၊ ဂျီးတင်ခြင်း၊ လျှော်ဖွယ်ရခြင်း မရှိခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၂) မြတ်စွာဘုရားရှင်သည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူတော်မူသည့်အခါတွင် ထိုပရိက္ခရာအစုံတို့သည် ကိုယ်တော်နှင့်မထိမစပ်ပဲ လက်လေးသစ်မျှ ကွာတော်မူနေခြင်း တည်းဟူသော အံ့သြဖွယ်ရာတစ်ပါး။

(၃) မြတ်စွာဘုရားရှင်သည် တောထွက်တော်မူသည့်အချိန်မှစ၍ ပယ်ဖြတ်ထားတော်မူသော ဆံတော်တို့သည် ထိုဖြတ်ထားသည့်အတိုင်းအတာပမာဏ လက်လေးသစ်မျှသာလျှင် ရှည်ခြင်းမရှိ အမြဲတည်နေခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၄) မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးတော်မူသည့်အခါ သပိတ်တော်ကိုဆေးလျှင် လက်တော်ဦးစွာစင်တော်မူပြီး၊ လက်တော်ဆေးတော်မူလျှင် သပိတ်တော်သည် ဦးစွာစင်တော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၅) မြတ်စွာဘုရားရှင်သည် တန်ခိုးတော်ဖြင့် မုံညင်းစေ့ ကဲ့သို့သောသေးငယ်သည့် အရာထဲသို့ စံဝင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၆) မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော်ခြောက်သွယ်ကို ကွန့်မြူးလွှတ်လတ်သည်ရှိသော် အရပ်ဆယ်မျာက်နှာသို့ ဖောက်ထွင်း၍သွားတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၇) မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကဲ့သို့သော ပုံတော်တူ နိမ္မိတ ရုပ်ပွားတော်ပေါင်း အသင်္ချေမကဖန်ဆင်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၈) မြတ်စွာဘုရားရှင်သည် အလင်းကိုလည်းကောင်း၊ အမိုက်တိုက်ကိုလည်းကောင်း၊ ခေတ်သုံးပါးတို့တွင် ပေးစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၉) မြတ်စွားဘုရားရှင်သည် သီတင်းသုံးစံနေ(ထိုင်)တော်မူသည်ရှိသော လူတို့သည် ကောင်းကင်ယံတွင် လပြည့်ဝန်ကိုအတိုင်းသား မြင်ရသကဲ့သို့ မြတ်စွာဘုရားရှင်၏ အသရေတော်ကို အတိုင်းသား ဖူးမြင်နိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။

(၁၀) မြတ်စွာဘုရားရှင်သည် တရားဒေသနာဟောတော်မူသည့်အခါတွင် အသံတော်ရှစ်ပါးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ တရားနာပရိဿတ်ကို တစ်ယောက်ချင်းစီ ကပ်လျှက်ဟောဘိနေသကဲ့သို့ နာ ကြားစေနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၁) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တာတို့၏ စိတ်အလိုကို အာသယာ နုသယ ဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၂) မြတ်စွာဘုရားရှင်သည် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော် မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၃) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ ကျွတ်တန်းဝင်ရမည့်အချိန် အခါတည်းဟူသော ဣနြေ္ဒအနု၊အရင့်ကို သိတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၄) မြတ်စွာဘုရားရှင်သည် ဉေယျဓံတရား(၅)ပါးကို သိမြင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါ။

(၁၅) မြတ်စွာဘုရားရှင်သည် အလိုရှိတော်မူလတ်၍ လက်တော်ကိုဆန့်တန်းတော် မူလိုက်လျှင် သပိတ်တော် အစရှိသည့် အလိုရှိသည့် ပရိက္ခရာ များသည် အလိုအလျောက် ရောက်ရှိလာခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၆) မြတ်စွာဘုရားရှင်သည် ၀ဲဘက်မျက်လုံးတော်မှ ရေအလျှံ၊ယာဘက်မျက်လုံးတော်မှ မီးအလျှံ၊ အစရှိသော တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၇) မြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်သို့ အဘိဓမ္မာတရားတော်မြတ် ဟောကြား တော်မူရန် ကြွရောက်တော်မူရာတွင် ပကတိ သုံးဖ၀ါးနှစ်လှမ်းမျှသာ ကြွချီတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

(၁၈) မြတ်စွာဘုရားရှင်သည် ကြွချီတော်မူရာလမ်းတစ်လျှောက်တွင် အဖုအထစ်၊အနိမ့်၊ အမြင့် ရှိကြသော မြေအပြင်သည် ညီညာချောမွတ်ပြီး ခြေတော်ရာ မထင်ကျန်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။

ဤကားမြတ်စွာဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါးပင်ဖြစ်၏။

(အကြောင်း၊အကျိုး၊အကောင်း၊အဆိုးကိုသိမြင်နားလည်နိုင်ကျင့်ကြံနိုင်ကြသူများ ဖြစ်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

ဗုဒ္ဓဂယာ၊အိန္ဒိယ

Saturday 8 November 2014

ရုပ်သံဓမ္မစကူးလ်

this video was created as simple to show every sunday on TV channels which related to children as lessons. this is arranged by Thu Ta Sone Lin League. (YGN


Friday 7 November 2014

သိင်္ဂါရနယ်ခြား အဝိဇ္ဇာမှ ဝိဇ္ဇာသို့

 
မနေ့က ညနေစောင်း မိုးများက သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဝန်းကျင်ကို ရွာသွန်းနေပါတယ်။ ဒီနေ့တော့ သီရိလင်္ကာရဲ့ နံနက်ခင်း နေရောင်ခြည်က တောက်ပလျက်ရှိနေပါသည်။ စာရေးသူ၏ ကလောင်သွားများကလည်း လှုပ်ရှားအသက်ဝင်လျက် တန်ဆောင်းမုန်း လပြည့်နေ့ အကြောင်းလေးတွေကို ရေးသားနေခြင်းပင်ဖြစ်သည်။

ဘာကြောင့်လည်းဆိုတော့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်ကြောင့် အယူမှားမှုမှ အယူမှန်လာသော အဇာတသတ်မင်းကြီး အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ နှစ်တွေ လတွေ ဘယ်လိုပင် ပြောင်းလွဲလာပေမဲ့ ဗုဒ္ဓဘာသာ၏ အထိမ်းမှတ် နေ့ထူးတွေကိုတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သတိပြုမိမည်မှာ မလွဲပါ။

ယခုအခါ သာသနာနှစ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ ခရစ်နှစ် ၂၀၁၄ ခုနှစ်၏ တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့ ဖြစ်ပါတယ်။

သာမညသည် သမဏ၏အဖြစ် ရသေ့၊ရဟန်း ပြုလုပ်ခြင်း၏ အဖြစ်ဟု အနက်အဓိပ္ပါယ်ရ၍ ဖလသည် အကျိုးကျေးဇူးဟု အနက်အဓိပ္ပါယ်ရရှိပါသည် ထို့ကြောင့် သာမညဖလ ဟူသည်မှာ ရသေ့၊ရဟန်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး ဟု အဓိပ္ပါယ်ဖွင့်ဆိုရပါသည်။

တနည်းပြောရလျင် တန်ဆောင်မုန်းလသည် မြန်မာ့ (၁၂) လ ရာသီတွင် ရှစ်လမြောက် လ ပင်ဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လ လည်းဖြစ်သည်။

ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာအလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။

သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။

အခါတစ်ပါး၌ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားသည် (၁၂၅၀) တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော ရဟန်းသံဃာတော်တို့ နှင့် အတူ ရာဇဂြိုလ်မြို့ အဘယမင်းသား၏ မွေးစားသားဖြစ်သော သမားတော်ကြီး ဆရာဇီဝက၏ သရက် ဥယျာဉ်ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူစဉ် ကောင်းကင်က ငွေစန္ဒာ လမင်းကြီး အစွမ်းကုန် ထိန်ထိန်သာသည့် တန်ဆောင်မုန်း လပြည်နေ့ည အခါဖြစ်သည်။

အဲဒီအချိန် အတိတ်ကာလက အမှားတွေ ဗလာပွနဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသော မာဂဓတိုင်းဘုရင် အဇာတသတ်သည် သူယုတ်မာ ဆရာဒေ၀ဒတ်စကားကို လိုက်နာ၍ သောတပန်အရိယာဖြစ်သော ခမည်းတော် ဗိမ္မိသာရမင်းကြီးကို ခြေဖ၀ါးဓားနဲ့ ခွဲ၊ ဆားနှင့်သိပ်ပြီး မသေသေအောင် သတ်ခဲ့သည့် နောင်တတွေနှင့် သူ၏သားတော် ဥဒယဘဒ္ဒ ဖွားမြင်သည့်နေ့တွင် မိဘကျေးဇူးကို စတင်သိခဲ့ရပြီး သူ၏ မိုက်ပြစ်ကို နောင်တကြီးစွာ ရခဲ့လေသည်။ သူ၏ဆရာဖြစ်သော ဒေ၀ဒတ်လည်း မြတ်စွာဘုရားရှင်အား ပြစ်မှား လုပ်ကြံပြီးနောက် မြေမျိုခံခဲ့ရပြီ ဖြစ်သည်။

အဲဒီအချိန်မှစပြီး အဇာတသတ်၏ စိတ်အစဉ်သည် အတိတ်ကာလဆီက ပြုခဲ့သော အကုသိုလ်ကံ၏ အရိပ်နိမိတ်တို့က သူ့အား အချိန်ရှိတိုင်း ခြောက်လှန့်၍နေပါသည်။ တနေ့ အဇာတသတ်မင်းသည် မူးမတ် ပေါင်းစုံလင်စွာဖြင့် ညီလာခံသဘင် ကျင်းပနေပါတယ်။ ညီလာခံကျင်းပရာတွင်လည်း အဇာတသတ်က အကုသိုလ် နိမိတ်များ ဖြစ်လာသည့် အကြောင်းကိုသာ တင်ပြလာသည်။ ထို့ကြောင့် ဆရာဇီဝကက အဇာတသတ်၏ အကုသိုလ်များ ဖြေဖျောက်နိုင်ရန် အလိုငှာ ဇေတဝန သရက်ဥယျာဉ်မှာ မြတ်စွာဘုရား သီတင်းသုံးတော်မူသည်ကို လျှောက်တင်လိုက်သည်။ ပြီးတော့ အသေးစိတ်အားဖြင့် ဆရာဇီဝက၏ လျှောက်တင်ချက်အတိုင်း လက်ခံပြီး မြတ်စွာဘုရား သီတင်းသုံးတော် မှုရာ ဇေတဝန သရက်ဥယာဉ်ကျောင်းတိုက်သို့ မှုးမတ်ဗိုလ်ပါ အခြံအရံများစွာခေါ်၍ သွားလေ၏။

အဇာတသတ်မင်းကြီးသည် စစ်သည်ဗိုလ်ပါတွေနှင့် ခရီးဆက်လာရင်း လမ်းခုလပ် ရောက်တော့ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးဝကင်းစင်ပပြီး ကြည်နူးသာယာဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့ အလှအပကို ကြည့်ပြီးသော်အခါ.............

၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။

၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။

၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။

၎။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။

၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား။

လို့ မှူးမတ် အပေါင်း ခြံရံသည့်ကြားက အဇာတသတ် မင်းသားက အထက်ပါ စကားငါးခွန်းနဲ့

ချီးမွမ်းနေပါတယ်။

သို့သော် အဇာတသတ်မင်းကြီးဟာ အဖေကို သတ်မိတဲ့ သောကတွေနှင့် မိမိပြုလုပ်မိတဲ့ အကုသိုလ်ကံကြောင့် အလွန် ကြည်နူးသာယာ ဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ ဖြစ်နေပါတယ်။ ညရဲ့ အမှောင်ကလည်း တဖြေးဖြေး ကြီးစိုးလာပါတယ်။ အဇာတသတ်မင်းကြီးကလည်း ဆရာဇီဝက "ငါ့ကို လုပ်ကြံမှာလား" ဒွိဟ စိတ်တွေ ဝင်လာသလို အတွေး အိမ်ထဲမှာ ကြောက်စိတ်တွေကလည်း တဖြေးဖြေး ကြီးစိုးနေပါတယ်။ မှူးမတ် ဗိုလ်ပါတွေကလည်း မီးတုတ်လေးများ ကိုယ်စီ ကိုင်ဆောင်လျက် တရွေ့ရွေ့ လျှောက်လှမ်းနေပါတယ်။ ဆီးမီးတန်းများက ညရဲ့ အလှကို တန်ဆာဆင်နေသလို ကောင်းကင်က ငွေစန္ဒာ လမင်းကြီးနှင့် ကြယ်တွေကလည်း အလှတန်ဆာဆင်ပါတယ်။ မကြာမှီ မြတ်စွာဘုရား သီတင်းသုံးတော်မူသော ဇေတဝန သရက်ဥယျာဉ်ကို ရောက်သွားလေသည်။ အဇာတသတ်မင်းကြီးသည် မြတ်ဗုဒ္ဓ၏ထံတော်ပါးတွင် ရိုသေစွာ ဦးခိုက်ကန်တော့၍ မြတ်စွာဘုရားအား ဤသို့လျှောက်တင်လေသည်။

မြတ်စွာဘုရားရှင်အား အဇာတသတ်မင်းကြီးက "ရှင်တော်မြတ်ဘုရား မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်သိမြင် ရသော ရဟန်းပြုခြင်း၏ အကျိုးကိုပြခြင်းငှာ တတ်နိုင်ပါသလော?" မေးလျှောက်ပါတယ်။

မြတ်စွာဘုရားက ရဟန်းပြုရသည့် အကျိုးကျေးဇူးကြောင့် အပူဇော်ခံရခြင်းများကိုလည်းကောင်း၊ စူဠာသီလ၊ မဇ္ဈိမသီလ၊ မဟာသီလတို့ကို ဖြည့်ကျင့်ပြီး တဆင့်တက်ကာ ဣနြေ္ဒကို စောင့်စည်းခြင်း ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်း ၊ရောင့်ရဲလွယ်ခြင်း၊ နီဝရဏတရား ငါးပါးတို့ဖြင့် ပယ်ခြင်းတို့ကိုလည်းကောင်း၊ ပထမဈာန်မှ စတုထ္ထဈာန် အထိရနိုင်ပုံတို့ ကို ဟောတော်မူပြီး တဆင့်တက်ကာ ၀ိပဿနာဉာဏ်၊ မနောမယိဒ္ဓိဉာဏ်၊ ဣဒ္ဓိ၀ိဓဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ စေတောပရိယဉာဏ်၊ ပုဗ္ဗေနိဝါသဉာဏ်၊ စုကူပပါတဉာဏ်၊ အာသ၀က္ခဉာဏ်တို့ဖြင့် အရတ္တမဂ်ဉာဏ် တိုင်အောင် အဆင့်ဆင့် သာလွန်မြင့်မြတ်သည့် ၀ိဇ္ဖာရှစ်ပါး တရားထူးကို ရနိုင်သည့် ရဟန်းပြုရခြင်း၏ မျက်မှောက်ဘ၀အကျိုးဖြစ်သော သာမညဖလသုတ်ကို အကျယ်တ၀င့် ဟောကြားတော်မူပါသည်။

ထို့ကြောင့် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သာမညဖလသုတ်ကို အဇာတသတ်မင်းကြီး နားကြားပြီးသောအခါတွင် အမှောင်ထု ပိတ်ဖုံးထားသည့် အဝိဇ္ဇာ အတိတ်ဆိုးတွေ ပျောက်ကွယ်၍ ဝိဇ္ဇာ အသိဖြင့် လူသစ်စိတ်သစ်နှင့် အတွေးအခေါ်သစ်များ ဖြစ်ပေါ်လာကာ သာသနာတော်ကို ကြည်ညိုလေးစားပြီး ရတနာသုံးပါး ပူဇော်မှုများကို များစွာ ပြုလုပ်ခဲ့သည့်အပြင် ပထမ သင်္ဂါယနာတင် သာသနာပြု မင်းမြတ်ဖြစ်ခဲ့သည်။

ထို့ပြင်လည်း သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှာ တန်ဆောင်မုန်းလပြည့်နေ့အထိ ဗုဒ္ဓဘာသာဝင်တွေ အနေဖြင့် ဘာသာရေး အထိမ်းအမှတ်အဖြစ် ထင်ရှားသည်မှာ ကထိန်ခင်းခြင်းဖြစ်သည်။

ပြီးတော့ ဒီနေ့လို့ တန်ဆောင်မုန်းလပြည့်နေ့မှာပင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသဖြင့် မဲဇလီပင်သည် ဆေးပေါင်းခသည် ဟု မြန်မာ အစဉ်အလာ အနေဖြင့် ယူဆထားကြအတိုင်း ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး (၉၆) ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ရိုးရာဆေးကျမ်းတို့တွင် လည်း ဖော်ပြပါရှိသည်။

၎င်းအဆိုတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာစေရန် မဲဇလီဖူးသုပ်ကို မြန်မာတို့က စားသုံးကြသလို တန်ဆောင်မုန်းလသည်ပင် သာယာအေးချမ်းသော လဖြစ်သည်နှင့် အညီ အများပြည်သူတို့အတွက် ပျော်ပွဲရွှင်ပွဲ မီးပွဲသဘင်များ ဆင်ယင်ကျင်းပချိန်ဖြစ်ပါသည်

နိဂုံးချုပ်အနေဖြင့် အားလုံးသော ပြည်ပရောက် မြန်မာ့ သူတော်ကောင်း၊ ပြည်တွင်းရှိ သူတော်ကောင်း အားလုံး ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အစဉ်လာတွေကို သိရှိ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ဆထက်မက တိုးပွားအောင် ပြုလုပ်နိုင်ကြပါစေ၊ သာမညဖလ သုတ်တော်လာသည့်အတိုင်းလည်း ကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

=====================၀၀၀==========================

အရှင်ပုညဝံသ (ကေလနိယတက္ကသိုလ်)

တက္ကသိုလ်မြတ်မင်း

မဟာဝိဇ္ဇာ ၊ ပီအိပ် (ခ်ျ) ဒီ (Thesis)

ရှေးမြန်မာတို့ ၏ရတု ၊ အကြိမ်ရေ ၊ ကိန်းဂဏန်း ရေတွက်ပုံ


 

ရှေးမြန်မာတို့ ၏ရတု ၊ အကြိမ်ရေ ၊ ကိန်းဂဏန်း ရေတွက်ပုံ ။
၁ နှစ်မြောက် = စက္ကူရတု
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု
၁၁ နှစ်မြောက် = သံမဏိရတု
၁၂ နှစ်မြောက် = ချည်ရတု
၁၃ နှစ်မြောက် = ဇာပန်းရတု
၁၄ နှစ်မြောက် = ဆင်စွယ်ရတု
၁၅ နှစ်မြောက် = သလင်းရတု
၂၀ နှစ်မြောက် = ကြွေရတု
၂၅ နှစ်မြောက် = ငွေရတု
၃၀ နှစ်မြောက် = ပုလဲရတု
၃၅ နှစ်မြောက် = ကျောက်စိမ်းရတု
၄၀ နှစ်မြောက် = ပတ္တမြားရတု
၄၅ နှစ်မြောက် = နီလာရတု
၅၀ နှစ်မြောက် = ရွှေရတု
၅၅ နှစ်မြောက် = မြရတု
၆၀ နှစ်မြောက် = စိန်ရတု
၇၅ နှစ်မြောက် = ဒုတိယစိန်ရတု
၉၀ နှစ်မြောက် = န၀ရတ်ရတု

===============
၁=ပထမ
၂=ဒုတိယ
၃=တတိယ
၎=စတုတ္ထ
၅=ပဉ္စမ
၆=ဆဋ္ဌမ
၇=သတ္တမ
၈=အဋ္ဌမ
၉=န၀မ
၁၀=ဒဿမ
၁၁=ဧကာဒဿမ
၁၂=ဒွာဒဿမ
၁၃ =တေရဿ
၁၄ =စတုဒဿ
၁၅=ပဉ္စာဒဿ
၁၆=သေဠာဿ
၁၇=သတ္တဒဿ
၁၈=အဋ္ဌာရဿ
၁၉=ဧကုန၀ီဿ
၂၀=၀ီဿ
၂၁=ဧကာဝီဿ
၂၂=စမ္မ၀ီဿ
၂၃=ကြိဝီဿ
၂၄=စတုဝီဿ
၂၅=ပဉ္စာဝီဿ
၂၆=ဆ၀ီဿ
၂၇=သတ္တာဝီဿ
၂၈=အဋ္ဌာဝီဿ
၂၉=ဧကုနတိံဿ
၃၀=တိံဿ
============
ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ
တစ်ဆယ် ဆယ်လီ=၁၀၀(တစ်ရာ)

တစ်ရာ ဆယ်လီ=၁၀၀၀(တစ်ထောင်)

တစ်ထောင် ဆယ်လီ=၁၀၀၀၀(တစ်သောင်း)

တစ်သောင်း ဆယ်လီ=၁၀၀၀၀၀(တစ်သိန်း)

တစ်သိန်း ဆယ်လီ=၁၀၀၀၀၀၀(တစ်သန်း)

တစ်သန်း ဆယ်လီ=၁၀၀၀၀၀၀၀(တစ်ကုဋေ)

ကုဋေပေါင်း သိန်းတစ်ရာ=တစ်ပကောဋိ

ပကောဋိပေါင်း သိန်းတစ်ရာ=တစ်ကောဋိပကောဋိ

ကောဋိပကောဋိပေါင်း သိန်းတစ်ရာ=တစ်နဟုတ

နဟုတပေါင်း သိန်းတစ်ရာ=တစ်နိန္နဟုတ

(ဤမျှလောက်ကိုသာလျှင် သင်္ချာတတ်သော လောကီပုဂ္ဂိုလ်တို့ ရေတွက်နိုင်သည်။ဤထက်အလွန်ကား ဘုရား၊
ရဟန္တာတို့မှသာ ရေတွက်နိုင်သည်။)

နန္နဟုတ တစ်သိန်းတို့၏ တစ်ရာ=တစ်အက္ခောဘိဏီ

အက္ခောဘိဏီ တစ်သိန်းတို့၏ တစ်ရာ=တစ်ဗိန္ဒု

ဗိန္ဒု တစ်သိန်းတို့၏ တစ်ရာ=တစ်အဗ္ဗုဒ

အဗ္ဗုဒ တစ်သိန်းတို့၏ တစ်ရာ=တစ်နိရဗ္ဗုဒ
--------------------------------------------------------------------
( ဆိုက်တွေအများကြီးကစုထားတာမို့  ပိုင်ရှင်အားလုံးကိုcredit ပေးပါတယ်ဗျာ
တစ်ဦးချင်းစီနာမည်မရေးလိုက်တာကိုတော့ ခွင့်လွတ်ပါဗျို့  )

Tuesday 4 November 2014

မှော်ဘီ သဲဖြူရွာမီးပုံး ပျံလွှတ်ပွဲသွားကြည့်၎.၁၁.၂၀၁၄


သင်္ဃန်းကျွန်းဓမ္မစကူးလ်မှသား၂မီး၂တို့နှင့်မှော်ဘီသဲဖြူရွာဓမ္မစကူးလ်ကျောင်း တန်ဆောင်တိုင်မီးပုံးလွတ်ပွဲသို့ပျော်၂ပါး၂သွားရောက်ဆင်နွဲခဲ့ကြသည် .ညနေ၄း၃၀နာရီမှ _ည၉း၄၅နာရီပြန်ရောက်ပါတယ်












Sunday 2 November 2014

၂.၁၁.၂၀၁၄.တန်ဆောင်မုန်းလကထိန်ပွဲအကြောင်းသင်ကြားမှု

၂.၁၁.၂၀၁၄.ငါးကျမ်းပြန် ဓမ္မစကူးလ် သင်္ဃန်းကျွန်းမှ
ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများ
တန်ဆောင်မုန်းလကထိန်ပွဲအကြောင်းသိကောင်းစရာများသင်ကြား

 ငါးကျန်းပြန်ဆရာတော်ဒေါက်တာဓမ္မပီယ(ITBMU)
 သားသားမီးမီးတို့အား
သူတော်ကောင်းနှင့်သူယုတ်မာခွဲခြားပြီးလေ့လာတတ်စေရန်သြဝါဒ
နှင့်ဘုန်း၂ဆရာ.ဆရာမတို့မှဆက်လက်စာသင်ကြားခဲ့ကြသည်